International News

ဧပြီလလယ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံတကာဝင်ထွက်ပေါက်များ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဩစတြေးလျ ABC News က သတင်းရေးသားဖော်ပြခြင်း

Last Updated:

နိုင်ငံခြားခရီးသွားများအား နှစ်နှစ်ပိတ်ပင်ထားမှုကို ရုတ်သိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံသည် ၁၇-၄-၂၀၂၂ ရက်နေ့မှစတင်ကာ နိုင်ငံတကာဝင်ထွက်ပေါက်များ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဩစတြေးလျ ABC News က ၂၀-၃-၂၀၂၂ ရက်နေ့တွင် သတင်း ရေးသား ဖော်ပြထားသည်။ အရှေ့တောင် အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် COVID-19 ကူးစက်မှု မြင့်တက်လာခြင်းမှ ကာကွယ်ရန် ကြိုးပမ်းမှုဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစတင်ကာ နိုင်ငံတကာဝင်ထွက်ပေါက်များ ပိတ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးဗဟိုကော်မတီက COVID-19 ကူးစက်မှုကျဆင်းလာမှုကို ကိုးကား၍ ဧပြီ လ ၁၇ ရက်မှစတင်ကာ နိုင်ငံတကာလေကြောင်းလိုင်းများအားလုံးကို ဖွင့်လှစ်မှာဖြစ်ပြီး၊ ပုံမှန်အတိုင်း ပျံသန်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထုတ်ပြန်ချက်တွင် မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍ တိုးတက်လာစေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် သည့် ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်စေရန်အတွက် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည် ဟုဖော်ပြထား သည်။

ကျန်းမာရေးဝန်ကြီးဌာနအရ ဝင်ရောက်လာသူဧည့်သည်များသည် ကာကွယ်ဆေး အပြည့်အဝထိုးနှံထားပြီးသူများဖြစ်ရန် လိုအပ်ပြီး၊ (၁) ပတ် သီးခြားနေထိုင်ရမည်ဖြစ်ကာ PCR tests စစ်ဆေးမှုကို (၂) ကြိမ်ခံယူရမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။ မြန်မာ နိုင်ငံတွင် ယမန်နှစ်က နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ၄၀,၀၀၀ ဖြင့် အမြင့်ဆုံးရှိခဲ့ပြီး၊ သေဆုံးမှုမှာ စုစုပေါင်း ၂၀,၀၀၀ ဟု မှတ်တမ်းတင်ထားကြောင်းနှင့် ခရီးသွားလုပ်ငန်းကဏ္ဍမှာမူ ကူးစက်ရောဂါကြောင့် များစွာထိခိုက်နစ်နာလျက်ရှိကြောင်း ရေးသား ဖော်ပြထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source:  www.abc.net.au

Category: International News